Monday, February 27, 2017

ကြောင်ပန်းရွက်

နည်းလေးကတော့ ကိုယ်ပတ်ဝန်းကျင်မှာရှိနေကြတဲ့ အပင်တွေထဲက ကြောင်ပန်းရွက် ကိုရှာပါ။

ရလာရင် ကြောင်ပန်း အရွက်တွေကို သပ်ချ၊ခြွေချပြီး ခေါင်းအုံးလေး အဖြစ် ဖန်တီးလိုက်ပါ။

ကြောင်ပန်းရွက် ခေါင်းအုံးလေး ရလာပြီးဆိုရင်ဖြင့် စိတ်သာချပါတော့။

ကြောင်ပန်းရွက် ခေါင်းအုံးလေးပေါ် ခေါင်းတင်ပြီး မှေးလိုက်တာနဲ့ ဘာမှကြာလိုက်မှာ မဟုတ်ပါဘူး။

မျက်လုံးတွေ စင်းကျ၊မျက်တောင်တွေ မှေးကျလာပြီး နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်မောကျသွားမှာပါ။

သုတေသီဆရာငြိမ်း
 

ကရဝေးရွက်

ကရဝေးရွက်၏ ဆေးဖက်ဝင် စွမ်းပကား

(၁) အစွမ်းထက် ဓာတ်တိုး ဆန့်ကျင် ပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။

ကရဝေးရွက်ကို ဟင်းလျာတွေထဲ ထည့်ချက်ရင် ဟင်းနံ့ကို သင်းပျံ့စေပြီး အရသာ တိုးစေပါတယ်။ ကရဝေးရွက်ကို ချက်လိုက်တဲ့အခါ ဟင်းလျာထဲမှာ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပမာဏကို တိုးစေပါတယ်။ အဲဒီ အင်တီအောက်ဆီးဒင့် တွေက ကင်ဆာ၊ အစာအိမ်အနာနဲ့ အဆစ်ရောင်နာတွေကို တွန်းလှန်နိုင်ပါတယ်။ ကရဝေးရွက်မှာပါတဲ့ အင်တီ အောက်ဆီးဒင့်ဟာ အနာတွေကို မြန်မြန်ကျက်စေပြီး ခြင်ကိုက်ရာ အနာတွေကို သက်သာ စေပါတယ်။

(၂) ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိစေပါတယ်

ဟင်းချက်တဲ့အခါ ကရဝေးရွက် အနည်းငယ်ကို ထည့်ချက်ရင် ဗီတာမင်နဲ့ သတ္တု ဓာတ်မျိုးစုံ ပါဝင် တာကြောင့် ဟင်းလျာရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို ပိုတိုးစေပါတယ်။ ကရဝေး ရွက်မှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ သံဓာတ်၊ မဂ္ဂနိစ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီ ဆီယမ်တို့ များစွာ ပါဝင်ပါတယ်။

(၃) အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို သက်သာစေပါတယ်

ကရဝေးရွက် နှစ်ရွက်-သုံးရွက်ကို ရေတစ်ခွက်ထဲထည့်ပြီး ဆူအောင်ပြုတ်လိုက်ပါ။ ပြီးရင် ၁၅ မိနစ်လောက် အအေးခံထားပြီး တစ်ခွက်သောက်ရင် ချွေးထွက်စေကာ အဖျားကျ နိုင်ပါတယ်။ ဒါ့အပြင် ချောင်းဆိုးတာ၊ အအေးမိတာနဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်တာတွေ သက်သာ စေနိုင်ပါတယ်။

(၄) ရောင်ရမ်းနာကျင်မှု သက်သာစေပါတယ်

ကရဝေးရွက် အဆီအစက် အနည်းငယ်ကိုလိမ်းပြီး နှိပ်ပေးရင် အဆစ်ရောင်တာ၊ ကြွက်သား နာတာ၊ အဆစ်လွဲတာနဲ့ အဆစ်မျက်တာ စတာတွေကြောင့် ဖြစ်တဲ့ နာကျင် ကိုက်ခဲ ရောင်ရမ်းမှုကို သက်သာ စေပါတယ်။ ကရဝေးရွက်အဆီကို နားထင်နေရာမှာ လိမ်းပြီး နှိပ်ပေးရင် ခေါင်းကိုက်တာနဲ့ ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေပါတယ်။

(၅) ဗောက်ပျောက်စေပါတယ်

ကရဝေးရွက်ကို ကြိတ်ခြေပြီး ဒါမှမဟုတ် ကရဝေးရွက်အဆီ ၁၀ စက်ခန့်ကို ရှမ်ပူထဲထည့်ပြီး ခေါင်းလျှော်ပေးပါ။ ဗောက်ပျောက် စေပါတယ်။

(၆) သွေးတွင်း သကြားဓာတ်ကို ထိန်းပေးပါတယ်

ကရဝေးရွက်ကို အစာမစားခင် စားတာက သွေးတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်တယ် လို့ လေ့လာမှုတွေ အရ သိရပါတယ်။

(၇) ပိုးသတ်အာနိသင် ရှိပါတယ်

ကရဝေးရွက်ကို ကြိတ်ခြေပြီး ရေနွေးထဲထည့်ကာ ပလုတ်ကျင်းပေးတာ၊ ချိုးရေထဲ ထည့်ချိုးတာမျိုး လုပ်ဆောင်ပေးပါ။ ကရဝေးရွက်မှာ Eugenol ဓာတ် ပါဝင်တာကြောင့် ရောင်ရမ်းမှု လျော့ကျစေပြီး ဘက်တီးရီးယားနဲ့ ဖန်းဂပ်စ်မှိုတို့ကို ကင်းစင်စေတဲ့ အစွမ်းသတ္တိ တွေလည်း ရှိပါတယ်။

(ဂ) အစာခြေလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို သက်သာစေပါတယ်

ကရဝေးရွက်ပါတဲ့ ဟင်းနဲ့ ထမင်းစားပေးရင် အစာမကြေတဲ့ ဝေဒနာတွေကို သက်သာ စေပါတယ်။ ကရဝေးရွက်မှာပါတဲ့ အင်ဇိုင်းတွေက ပရိုတင်းဓာတ်ကို ကြေညက်စေတာကြောင့် အသားဟင်း တွေထဲမှာ ထည့်သင့်တဲ့ ဟင်းခတ် အမွှေးအကြိုင်တစ်မျိုး ဖြစ်ပါတယ်။ ကရဝေး ရွက်ဟာ ဆိတ်သားရဲ့ အညှီနံ့ကိုလည်း လျော့စေတာကြောင့် ဆိတ်သားဟင်းထဲ ထည့်ချက်လေ့ ရှိပါတယ်။ ကရဝေးရွက်ဟာ လေထတာကိုလည်း သက်သာ စေပါတယ်။

မြ၀တီ

ခွေးတောက်ရွက်

ခွေးတောက်နွယ်ပင်

ခွေးတောက်ရွက်မှာ ပူ၏၊ ခါး၏၊ ဝမ်းမီးကို တောက်စေ၏။ ကြေကျက် လွယ်၏။

သွေးကို ပွားစေ၏။ ကာမကို အားပေး၏။ နှုတ်ကို မြိန်စေ၏။ သလိပ်ကို နိုင်၏။ လည်ချောင်းနာ၊ ဂူလုံးနာ၊ လေရောဂါပိုးနာ၊ နူနာ၊ အဆိပ်သင့်နာ၊ ပန်းနာ ရင်ကျပ်၊ တုလာသရော ရောဂါ တို့ကို နိုင်၏ဟု အရှင်နာဂသိန် ပုံပြဆေး အဘိဓာန်မှ ဖော်ပြထားပါသည်။

အနာဖြစ်ပါက ခွေးတောက်ရွက်ကို မီးကင်၍ကပ် ထားပါက အမြန်ပျောက်ကင်း ပါသည်။ ရေယုန်ရောဂါ ဖြစ်ပါက ခွေးတောက်ရွက် သတ္တုရည်ကို လိမ်းကျံပေး ပါက များစွာ အကျိုး ကျေးဇူးများ ပါသည်။ ခွေးတောက် ရွက်ကို ကြက်သားနှင့် ဟင်းချို ချက်သောက်ပါက အရက်ချိုးများ ကျစေပါသည်။

မြန်မာတို့၏ ထမင်းပွဲတွင် ခွေးတောက်ရွက်ကြော်၊ ခွေးတောက်ရွက် ဟင်းချို စသည်ဖြင့် နေရာ ယူတတ်သော ဟင်းလျာတစ်မျိုး ဖြစ်သလို ဆေးဖက်ဝင် ဆေးပင် တစ်မျိုးလည်း ဖြစ်ပါသည်။ ။

အောင်မိုးမြင့်(နေပြည်တော်)
မြ၀တီ

ဆီးချိုအတွက်

ဆးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း
ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း



ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီ သဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။ ဆီးချိုတင်မက သွေးချိုလည်း ပျောက် ပါတယ်။ ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။ ရုံးပတီသီး (Lady Finger-၂ လုံး /၂တောင့်) ကိုထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။ ဒီမှာရုံးပတီသီးကိုပိုးမွားကင်းဆင်အောင် သေချာဆေးကျောဖို့ လိုပြီး ရေသန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲသကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။ (note copy fr'Healthcare) post by နှင်းဆီဖူးလေးများ-Love BUDS
စိုင်းမင်းထွန်း at 9:09 PM

ရှောက်ဘီလူး

သွေးတိုး ရောဂါသည်များ အတွက် ဆေးတလက်



ဆေးနည်းမှာ---
ရှောက်ဘီလူး ၁၀-လုံး
သံပရာသီး ၂၀-လုံး
သကြား ၁၀-ကျပ်သား
သိန္ဓော ၂-ကျပ်သား
ရှောက်ဘီလူး ပါးပါးလှီး၊ သံပရာသီ ပါးပါးလှီး သကြား သိန္ဓောတို့နှင့် ရောပြီး လေလုံ ပုလင်း သန့်သန့်ထဲ ၇-ရက်ကြာအောင် ထည့်ထားပါ။ ရေကျက်အေး အနည်းငယ် ထည့်ပါ။

အစာစားပြီးတိုင်း မနက် တဇွန်း၊ ညနေ တဇွန်းစီ သောက်ပေးပါ။ ရက်ကြာကြာ ထားလေ ပိုကောင်းလေ ဖြစ်သည်။

သစ္စာရည် (ဝါးခယ်မ)

(နက္ခတ္တ ၂၀၀၇-၄)

ကင်ဆာပျောက်ဆေးပင်

ကင်ဆာပျောက် ဆေးပင်တွေ့ပြီ
======================

ယနေ့အတွက် စိတ်လှုပ်ရှားစရာကောင်းပြီး အလွန်ဝမ်းမြောက်စရာကောင်းတဲ့ သတင်းတစ်ပုဒ်ကတော့ ကင်ဆာရောဂါကို ပျောက်စေနိုင်တဲ့ ဆေးပင်တစ်မျိုးကို ဆေးသိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိပြီ ဆိုတာပါဘဲ။ ဆေးပင်နာမည်က Dandelion ပါတဲ့။

အမှန်တော့ ဒီဆေးဟာ အစွမ်းထက် ဘယဆေးအဖြစ် ပေါ်ထွက်နေတာ ကြာပါပြီ။ ဒါပေမယ့် ကင်ဆာကို ပျောက်မှန်း မသိရှိခဲ့ကြသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကမှ ကနေဒီယံနဲ့ သြစတေလျ သိပ္ပံပညာရှင်များက ကင်ဆာရောဂါ တိုက်ဖျက်နိုင်ကြောင်း ကြေငြာခဲ့တာပါ။

ကင်ဆာရောဂါ ကုသရာမှာ အလွန်ပြင်းထန်ပြီး Side Effect အလွန်များတဲ့ Chemotherapy နေရာမှာ ဒီဆေးကို အစားထိုး ကုသနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အခုလောလောဆယ် ကင်ဆာဝေဒနာရှင်များ ဆေးကို စမ်းသပ်သုံးစွဲလိုလျှင် Amazon အွန်လိုင်း မားကတ်မှာ မှာယူလို့ ရပါပြီ။ ဆေးဘူးပုံများ တင်ပေးလိုက်ပါတယ်။ ဈေးနှုံးချိုသာပါတယ်။ ထုတ်တဲ့ ကုမ္ပဏီကိုလိုက်ပြီး ၈ ဒေါ်လာကနေ ၂၀ ဒေါ်လာခန့်သာ ရှိပါတယ်။

မြန်မာနိုင်ငံထဲက အွန်လိုင်းမားကတ်တွေကနေ မှာယူမယ်ဆိုရင်  နှစ်ပါတ်လောက်ဘဲ ကြာမြင့်ပါမယ်။

Side Effect လုံးဝမရှိဘူးလို့ ပညာရှင်တွေက ပြောကြားထားလို့ ဝေဒနာရှင်များ စမ်းသပ်သုံးစွဲကြည့်ဖို့ တိုက်တွန်းလိုက်ရကြောင်းပါ။

လူသားများ ကင်ဆာရောဂါ ဘေးကြီးမှ ကင်းဝေးနိုင်ကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

ပင်စိမ်းနက်

ပင်စိမ်းပင်သည် ပင်စိမ်းကြီး၊ ပင် စိမ်းငယ်၊ ပင်စိမ်းယဉ်၊ ပင်စိမ်းရိုင်း၊ ကသည်းပင်စိမ်း၊ တောပင်စိမ်း၊ ပင် စိမ်းနက်၊ ပင်စိမ်းညိုဟူ၍ အမျိုးများ ပါသည်။ ဆီးချိုရောဂါနှင့် ပတ်သက်၍ ဤစာတမ်းတွင် ဖော်ပြမည့် ပင်စိမ်း အမျိုးအစားမှာ ပင်စိမ်းနက်၊ ကုလား ပင်စိမ်းပင်ဖြစ်ပါသည်။ ရုက္ခဗေဒ အမည်မှာ Ocimum Sancum ဖြစ်ပါသည်။ အင်္ဂလိပ်အမည်မှာ Holy Basil ပင်ဖြစ်ပါသည်။ ပင်စိမ်းနက်ကို အချို့မြန်မာဘာသာပြန်ကျမ်းများတွင် ပင်စိမ်းကြီးဟုလည်း ရေးသားထား ကြပါသည်။ ရုက္ခဗေဒ အမည်ကွဲများ ကိုလည်း Ocimum Sanctum Linn သို့မဟုတ် O-Hirsutam သို့ မဟုတ် O. Tomentosam သို့မဟုတ် O.Viride ဟူ၍လည်းသတ်မှတ်ကြသည်။
တိုင်းရင်းဆေးကျမ်း အဆို

ပင်စိမ်းကြီး ရွက်သည် ပူစပ်ခါး အရသာ ရှိသည်။ မညီမညွတ် သော ဝမ်းမီး ကို ညီညွတ် စေသည်။ နှုတ်ကို လည်း မြိန် စေသည်။ သလိပ် ကိုလည်း ကျေ စေတတ်၏။ အသံကို သာစေနိုင် ၏။ ထုံကျဉ် ကိုက်ခဲ သောအနာ၊ မစား မ သောက်ချင် ကာ ခံတွင်း ပျက်ခြင်း၊ ထွက်သက် ဝင်သက် မညီမျှ သောအနာ၊ ချောင်းဆိုး ကုတ် မီးနာ၊ ပူလောင် လှိုက်လှဲ သောအနာ၊ ချွဲကျပ် သော အနာ တို့ကို သက်သာ စေသည်။ ၄င်း ကို ကုလားပင် စိမ်း (ပင်စိမ်းနက်) ဟုလည်း ခေါ်ကြသည်။ အရွက်နု ကို တို့စားကြ၏။ ဆေးဝါး ဖော်စပ်ရာမှာ ပင်စိမ်းနက် ပဉ္စငါးပါး ကို သုံးလေ့ ရှိကြပါသည်။
အပင်ထွက် ဓာတု ဒြပ်စင်များ
α and β Caryophyllene, Methyl-chavical, Tannins, Methyleugenol, Essential Oil, Eugenol, Linalool, 1.8 Cineole
တိုင်းရင်း ဆေးဝါး အသုံး
ပန်းနာ ရင်ကျပ် ရောဂါ၊ နှလုံး ရောဂါ၊ ဆီးချို ရောဂါ၊ ငှက်ဖျား ရောဂါ၊ နားရောဂါ၊ အဆစ် ရောင်ရောဂါ။ အာနိသင်များ သွေးတွင်း ကိုလက် စထရောလ် ကျဆင်း စေသော အာနိသင်၊ နာကျင် ကိုက်ခဲမှု ကို သက်သာ စေသော အာနိ သင်၊ အသက် ရှူလမ်း ကြောင်း ရှိ လေ ရှူပြွန် များအား ကျယ်စေသော အာနိသင်၊ သွေးတွင်း သကြား ဓာတ် ကျဆင်း စေနိုင် သော အာနိသင်၊ မှိုပိုးတို့၏ ပေါက် ပွားမှုကို ဆန့်ကျင်သော အာနိသင်၊ အဖျားကျ စေသော အာနိသင်၊ ခန္ဓာ ကိုယ်၏ ခုခံစွမ်းရည်ကို တိုးစေသော အာနိသင်၊ အစာအိမ် အနာဖြစ်ပွားမှု ကို ကာကွယ် ပေးနိုင်သော အာနိသင်။
အသက်ရှူလမ်းကြောင်းရောဂါ
ပင်စိမ်း နက်သည် သလိပ်ကို ထုတ်ဆောင် စေတတ်သော ဂုဏ် သတ္တိရှိပါသည်။ ထိုဂုဏ်သတ္တိ တို့ ကြောင့် ပင်စိမ်းနက် ကို သလိပ် ဖောက် ပြန်ခြင်း ကြောင့် ဖြစ်သော အခြေအနေ တို့၌ သော် လည်းကောင်း၊ အသက်ရှူ ပြွန်ချောင်း တို့၌ သော် လည်းကောင်း အသုံးပြု ကြပါသည်။ အိမ်တွင်း ကုသရာတွင် ကြက် သွန်နီ သတ္တုရည်၊ ချင်းစိမ်း သတ္တုရည်၊ ပျားရည် တို့ကို ရောစပ်၍ ရရှိသော ဆေးရည် သည် သလိပ်ကို ထုတ် ဆောင် ပေးနိုင်သော ဆေးဝါး ဖြစ်ပါ သည်။ ထိုဆေးဝါး ၏ အာနိသင်မှာ အသက်ရူ ပြွန်ချောင်း တွင်ဖြစ်စေ တတ် သောရောဂါ၊ နှာခေါင်း ရောဂါ၊ ချောင်း ဆိုး ရောဂါ တို့တွင် အသုံးဝင် စေပါသည်။
ချောင်းဆိုးရောဂါကုထုံး
ပင်စိမ်းနက် ပွင့်တံ၊ ချင်းခြောက် နှင့် ကြက်သွန်နီတို့ကို ထုထောင်း လျက် ပျားရည်နှင့် ရော၍ လျက်ဆား အဖြစ် လျက်ပေးခြင်း ဖြင့် ပန်းနာ ရောဂါ၊ ချောင်းခြောက် ရောဂါတို့ကို သက်သာ စေနိုင်ပါသည်။
လျှာခင်ကျခြင်း
လျှာခင်ကျခြင်း၊ ချောင်းဆိုး ရောဂါတို့ကို ကုသရာတွင် ပင်စိမ်းနက် အရွက် အစိမ်းကို အိမ် သုံးဆားနှင့် ရောစပ် ဝါးပေးကာ အရည်ကို မျိုချပေး ခြင်းဖြင့် သက်သာ နိုင်သည်။
ချောင်းဆိုးချွဲခန်း
ချောင်းဆိုး ခြင်းကို ရောဂါတိုင်း တွင် လက္ခဏာ တစ်ခုအဖြစ် တွေ့ရှိရ တတ် ပါသည်။ ချောင်းဆိုး ရာ၌ ချွဲခန်း သလိပ်များ စုဝေးနေခဲ့လျှင် ပျား ငယ်ရည် တွင် ပင်စိမ်းနက်ရည်နှင့် ရော စပ်လျက် လျက်ပေးခြင်း ဖြင့် သက်သာ ပျောက်ကင်း စေနိုင်ပါသည်။
ရင်ဘက်ပိုင်းဆိုင်ရာရောဂါ
ပင်စိမ်း နက်စေ့၊ ဆင်တုံး မနွယ်၊ သင်္ဘော ချင်းခြောက်၊ မြေပုံ ခရမ်းမြစ်ကို ဆတူ ရောစပ်၍ အမှုန့် ထောင်းပါ။ အဆိုပါ ဆေးမှုန့် ၂ ပဲသားကို ဆေးတစ်ခွက်စာပြု၍ ဆေးကို နံနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ည တစ်ကြိမ် သောက်ပေး ပါက ရင်ဘတ် ပိုင်းဆိုင် ရာရောဂါများနှင့် ချောင်းဆိုး ရောဂါတို့ကို သက်သာ ပျောက်ကင်း စေနိုင်ပါသည်။
လိင်နှင့် ပတ်သက်သော ရောဂါ
ပင်စိမ်း နက်တွင် အားကို တိုး စေတတ် သော သတ္တိရှိပါသည်။ ကာမ သတ္တိကို တိုးပွား စေသည်။ ပင် စိမ်းနက် သည် စေးကပ် တတ်သော သတ္တိရှိ ၏။ ဆီးအိမ်တွင် ဖြစ်တတ် သော ရောဂါ များအတွက် ကောင်းပါ သည်။ ပန်းသေ ရောဂါကု ဆေးဝါး ဖော်စပ် ရာတွင် ထည့်သွင်း ဖော်စပ် ကြသည်။

ဆေးဖက်ဝင်ပင်စိမ်း

ဆေးဖက်ဝင် ပင်စိမ်းပင်

ဆေးပင်အဖြစ်သာမက ဘာသာရေးစာပေတွေမှာပါ အတွေ့ရများတဲ့ အပင်တွေထဲမှာ ပင်စိမ်းပင်
ဟာ ထင်ရှားပါတယ်။ ပင်စိမ်းနဲ့ ပတ်သက်ရင် ဗုဒ္ဓစာပေ၊ဟိန္ဒူစာပေနဲ့ ခရစ်ယာန်စာပေတွေမှာ တခမ်း
တနားတွေ့ရမှာဖြစ်ပါတယ်။
ဗုဒ္ဓစာပေဖြစ်တဲ့ ဇာတ်တော်ကြီးဆယ်ဘွဲ့ အနက် ဝေဿန္တာရာဇာတ်ပါဠိတော်ကြီးမှာ နီလပုမ္ဖိ သေတပါရီ၊
ကလေရုက္ခ တုလသီဟိ လို့ ပါရှိရာမှာ တုလသီ ဆိုတဲ့ ပါ ဠိဝေါဟာရဟာ

ပင်စိမ်းပင်ကို ညွန်းပါတယ်။
ဟိန္ဒူ ဘာသာရေးကျမ်းတွေမှာတော့ ပင်စိမ်းပင် အကြောင်းကို အများကြီးတွေ့ ရပါတယ်။
ပင်စိပ်းပင်ဟာ ဗစ်ရှနူး(vishnu) လို့ခေါ်တဲ့ ဗိဿနိုးနတ်မင်းကြီးနဲ့ လက်ချေမီးနတ်သမီးတို့ကို
ပူဇော်တဲ့ ၊ မြင့်မြတ်တဲ့ပန်းပင်အဖြစ် အသိများပါတယ်။ ပင်စိမ်းပင်ကို ပူဇော်ခဲ့ရင် ချမ်းသာကြွယ်
ဝတာ၊ကျန်းမာတာ၊ ပျော်ရွှင်တာ၊ အခြွေအရံပေါများတာ……စတဲ့ အကောင်း လောကဓံနဲ့ ကြုံရ
ဆုံရပြီး ဗိဿနိုးနတ်မင်းကြီးရဲ့ စောင်ရှောက်မှုကိုလည်း ခံစားရမယ်လို့ ယုံကြည်ကြပါတယ်။
အထူးသဖြင့် ပင်စိမ်းပင်ကို အိမ်ထောင်ရှင် ဟိန္ဒူအမျိုးသမီးများ ပူဇော်ပါတယ်။
ဒီလို့ ပူဇော်တဲ့ အတွက် အိမ်ထောင်ရေး သာယာစေတယ်၊ လင်ယောကျာင်္းကျန်းမာပြီး မိမိပေါ်
သစ္စာ ရှိစေတယ်၊ ချမ်းသာကြွယ်ဝစေတယ်၊ လိမ္မာတဲ့ သားသမီးတွေ ရစေတယ်လို့
စွဲမှတ်ယုံကြည်ကြပါတယ်။
ဒါ့ပြင် ပင်စိမ်းပင်ဟာ သီတာဒေဝီရဲ့ နိမိတ်ပုံဖြစ်တာမို့ ရာမာယဏဇာတ်တော်ကြီးနဲ့ ဆက်နွယ်နေပြန်ပါတယ်။
ပင်စိမ်းပင်ကို ခရစ်ယာန် ဘာသာဝင်တွေကလည်း Holy Basil လို့ခေါ်ပြီး အထွတ်အမြတ်ထားကြပါတယ်။
ရှေးခေတ် ရောမနဲ့ ဂရိတိုင်းသားတွေကလည်း မြတ်နိုးပသခဲ့ကြကြောင်း မှတ်တမ်းတွေရှိပါတယ်။
ပင်စိမ်းပင်ဟာ ယေရှုခရစ်တော်ရဲ့ ဂူပေါ်မှာပေါက်ရောက်တဲ့ အတွက် မြင့်မြတ်တဲ့ အပင်လို့ သတ်မှတ်ကြပါတယ်။ စိန့်ဘေးဆဲလ်နေ့ (Saint Basil Day)မှာပင်စိမ်းကိုင်းကလေးတွေ
ကိုယ်စီကိုင်ဆောင်ပြီး ဘုရားရှိခိုးကျောင်းကို သွားကြပါတယ်။
ဘုရားကျောင်းက အပြန်မှာ ပင်စိမ်းကိုင်းကလေးကိုပြန်ယူလာခဲ့ကြပါတယ်။ ပင်စိမ်းရွက် တချို့ကို ခြွေပြီး မိမိတို့အိမ် ကြမ်းပြင်ပေါ်
ဖြန့်ကြဲကြပါတယ်။ ဒီလိုလုပ်ရင် ဘေးရန်တွေကို ကာကွယ်နိုင်ပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေတယ်လို့ယုံကြည်ကြပါတယ်။
ပင်စိမ်းပင်ဟာ ဘာသာရေးအရ အထွတ်အမြတ်ထားရတဲ့ အပင်ဖြစ်သလို ကျန်းမာရေး အတွက်လည်း အထူးအားကိုရတဲ့ ဆေးပင်ဖြစ်နေပါတယ်။
အိန္ဒယနိုင်ငံ က ပဒုမုတ္တရပူရာတာဆိုတဲ့ ကျမ်းကြီးမှာ မိမိတို့ အိမ်၊ ခြံဝင်းအတွင်း
ပင်စိမ်းပင်စိုက်ပျိုးထားဖို့ လမ်းညွန်ထား ပါတယ်။ အဲဒီလိုစိုက်ထားရင် မြေသန့်ပြီးသားဖြစ်သွားတဲ့ အတွက် အန္တရာယ်အပေါင်း ကပ်ရောဂါတွေ မကျရောက်၊ မကပ်ငြိနိုင်ဘူးလို့
ဆိုထားပါတယ်။ ပင်စိမ်းရဲ့ ရနံ့ဟာ လေကို သန့်ပြန့်စေတယ်လို့လည်း သိရပါတယ်။
၁၉၀၄ ခုနှစ်က အိန္ဒယနိုင်ငံမှာ ဝိတိုရိယဥယျာဉ်ကြီးနဲ့ အဲလ်ဘတ် တိရစ္ဆာန်ရုံကို စတင်ထူထောင်ခဲ့ပါတယ်။ အဲဒီတုန်းက အဲဒီနေရာဟာ ရေမြေကလည်း ကြမ်းလှတာမို့ အလုပ်သမားတွေ အဖျားအနာ များလှပါတယ်။ အထူးသဖြင့် ငှက်ဖျားရောဂါဖြစ်ပြီး အပျက်အစီးလည်းများလှပါတယ်။
ဒီအခါ ဟိန္ဒူအလုပ်သမား တစ်ဦးက ပင်စိမ်းပင်တွေစိုက်သင့်ကြောင်း အင်္ဂလိပ်အာဏာ
ပိုင်တွေကို အကြံပြုပါတယ်။ အာဏာာပိုင်တွေက သဘောတူပြီး အဲဒီ ဥယျာဉ်ကြီိးထဲမှာ ပင်စိမ်းပင်စိုက်ခင်းတွေကို ဟိုနေရာ တစ်ကွက်၊ ဒီနေရာတစ်ကွက် စိုက်စေပါတယ်။
ထူးထူးခြားခြားပဲ ငှက်ဖျားရောဂါကင်းစင်သွားပါတယ်။
၁၉၀၇ ခုနှစ်က ကျင်းပ ခဲ့တဲ့ Imperial Malaria Conference မှာ ပင်စိမ်းပင်ကို
ငှက်ဖျားရောဂါ ပျောက်စေတဲ့ ဆေးပင် အဖြစ် ကြေညာခဲ့ပါတယ်။
ပင်စိမ်းပင်မှာလည်း အမျိုးအများကြီးရှိပါတယ်။ ပင်စိမ်းကြီး၊ ပင်စိမ်းငယ်၊ ပင်စိမ်းရိုင်း၊
ပင်စိမ်းယဉ်၊တောပင်စိမ်း၊ ပင်စိမ်းဖြူ၊ ပင်စိမ်းညို၊ ပင်စိမ်းနက်၊
ရွက်ကြီးပင်စိမ်း ….စတာတွေ အမျိုးမျိုးပါပဲ။
ရိုးရိုးပင်စိမ်းကိုပဲ အသုံးများပါတယ်။ သူရဲ့ ရုက္ခဗေဒ အမည်ကတော့ Ocimum Sanctum ဖြစ်ပါတယ်။
ဆေးတစ်ပင်လုံး (ပဉ္စငါးပါး) ဆေးဖက်ဝင်ပါတယ်။
မြန်မာဆေးကျမ်း တစ်စောင်ဖြစ်တဲ့ ရသဓာတုဆေးကျမ်းမှာ မုချမတိမ်း၊ရွက်ပင်စိမ်းကား၊ မငြိမ်းထပ်တူ၊ပူသည်သဘော၊ သက်သောအခိုး၊ သို့အကျိုးကြောင့်၊ စားမျိုးအစာ၊
ကြေစေရာ၏။ မှန်စွာလည်းကောင်း၊ဝမ်းမီးကောင်းမှ၊ မုခ ခံတွင်း၊ မြိန်ခြင်းရသာ၊
အသံသာလျက်၊ထွက်သက်ကြူးလွန်၊ ထန်သောအနာ၊ ရသာပျက်ကင်း၊ ထမင်းညီးပေ၊ ငြိမ်းစေရရှင့်၊ သေမှ ဝါတာ၊ထိုးကြိတ်စွာသား၊ အနာကင်းလွတ်၊ မှတ်၏ မှတ်လော့ …
လို့ ဆေးအကျိုးသွားတွေ ရေးသားထားတာ တွေ့ရပါတယ်။
ပင်စိမ်းပင်ကို ကမ္ဘာနဲ့ တစ်ဝန်း အများဆုံး အသုံးပြုတာကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေ အတွက် ပဲဖြစ်ပါတယ်။ ပင်စိမ်းပင်ဟာ အစာအိမ်ရောဂါတွေကို ပျောက်စေပါတယ်။ အစာလည်းကြေစေပါတယ်။ သည်းခြေကိုလည်း ထက်မြက်စေတာမို့ အဆိဓာတ်တွေကြေကျက်ရာမှာ
အကျိုးပြုပါတယ်။ အူတွင်းနေ ကပ်ပါးပိုးတွေ၊ သန်ကောင်တွေကိုလည်း ရှင်းလင်းစေပါတယ်။ အဖျားဝေဒနာဖြစ်ရင်လည်း ကိုယ်ပူကျပြီး အခိုးရစေပါတယ်။ ဒါပြင် ခရုသင်းရောဂါ၊ ပန်းနာရင်ကျပ်နဲ့ ချောင်းဆိုးရောဂါတွေလည်း ပျောက်စေပါတယ်။
ပင်စိမ်းကို ခါးနာ၊ ခါးရိုးကျီးပေါင်းတက်၊ နားပြည်ယိုရောဂါတွေ အတွက်လည်း အုံဆေး၊ ထည့်ဆေး၊ အဖြစ် သုံးနိုင်ပြန်ပါတယ်။
ပင်စိမ်းရွက်တွေကို ရေသန့်သန့် နဲ့ ရောနယ်ထုထောင်းပြီး အမြစ်မထွက်နိုင်တဲ့ အနာလုံးကြီဒတွေ၊
အကျိတ်တွေပေါ်မှာ အုံပေးရင် အရောင်လျော့ပြီး အမြစ်လည်း အမြန်ကျွတ်ထွက်ပါတယ်။
အသားနုတက်ပြီး အနာကျက်လည်းမြန်ပါတယ်။ အရေပြားမှာ ဖြစ်တတ်တဲ့ မိတ်ပေါက်၊ယားနာထ၊
ပွေးပေါက်၊ဝဲခြောက်ပေါက် စတာတွေ ဖြစ်ရင် ပင်စိမ်းကို သောက်လည်းသောက်၊ ပင်စိမ်းရွက်က
ညှစ်ယူလို့ရတဲ့ သတ္တုရည်ကို သံပရာရည်နဲ့ ရောပြီး လိမ်းပေးရင်
အမြန်ပျောက်ကင်းစေပါတယ်။
အိန္ဒိယနိုင်ငံမှာ ဆူရှားမား (Sushama) ဆိုတဲ့ ဆေးတစ်မျိုးရှိပါတယ်။ အဲဒီဆေးက လိမ်းဆေး၊
သောက်ဆေးနှစ်မျိုးလုံးပါပြီး နှင်းခူရောဂါအတွက် သီးသန့် ဖော်စပ်ထားတာပါ။ အဲဒီဆေးရဲ့ အဓိက ဆေးမည်က ပင်စိမ်းပင်ပါ။ နှင်းခူဝေဒနာရှင်တွေကို အဲဒီဆေးနဲ့ သိပ္ပံနည်းကျ
ပေးကျွေးကုသ၊ သုတေသနလုပ်ကြည့်ရာမှာ ကိုးဆယ်ရာခိုင်နှုန်း ပျောက်ကင်းချမ်းသာ
ကြောင်းတွေရပါသည်။
နောက်စမ်းသပ်မှု တစ်ခုကတော့ အိန္ဒိယနိုင်ငံ၊ မဟာရပ်စစ်ပြည်နယ်၊ ဘန်ဒိုရဝါလ အနာကြီးရောဂါဆေးရုံ ( Bandorawala Leprosy Hospital ) မှာ ပြုလုပ်တာ ဖြစ်ပါတယ်။
ပင်စိမ်းကို စားဆေး၊ လိမ်းဆေး တွေ အဖြစ် စီမံပြီး အနာကြီးရောဂါနှစ်မျိုးဖြစ်တဲ့ အစိုမျိုးကိုရော
၊အခြောက်မျိုးကိုပါ ပေးကျွေးကုသ စမ်းသပ်ပါတယ်။ လူနာတွေကို ရက်၁၅၀ ကြာအောင် ပေးကျွေး ကုသပြီး နည်းစနစ် တကျ တွက်ချက်ကြည့်တဲ့ အခါ သိသိသာသာ သက်သာတာ တွေ့ရပါတယ်။
သိပ္ပံဝေါဟာရ အနေနဲ့ Statistically significant ဖြစ်တယ်လို့ ဆိုပါတယ်။
ပင်စိမ်းကို အခြောက်မှုန့်ပြုပြီး ရှုဆေးအဖြစ် စီမံ၊ ရှုကြည့်စေတဲ့ အခါ ထိပ်ကပ်နာ အပြင် Ozoena လို့ခေါ်တဲ့ နှာခေါင်း အတွင်းမြှေးခြောက်ပြီး ရှုံ့သွားတဲ့ ရောဂါပါ
ပျောက်ကင်းစေတာ တွေ့ရပါတယ်။
ပင်စိမ်းကို ပျားရည်နဲ့ ဖျော်ရည်အဖြစ် စီမံပြီး သောက်စေတဲ့ အခါ မျက်နှာ အသားအရေ နူးညံ့ချော မွတ်တယ်။
အိန္ဒိယ၊နီပေါ၊ သီရိလင်္ကာနဲ့ ပါကစ္စတန်နိုင်ငံတွေက ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊
မော်ဒယ်တွေ ယုံယုံကြည်ကြည်နဲ့ အမြဲစွဲပြီး သုံးဆောင်ကြတယ်လို့လည်း ဆိုပါတယ်။ အဲဒီ ဖျော်ရည်ဟာတုပ်ကွေးရာသီမှာ တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဒါပြင် ငှက်ဖျားမဖြစ်အောင်၊ ကာလဝမ်းရောဂါမဖြစ်အောင် ကာကွယ်ပေးတာလည်း
တွေ့ရပါတယ်။ ဒါကြောင့် ငှက်ဖျားတောထဲမှာ တာဝန်ထမ်းဆောင်နေရသူတွေ၊
ဝမ်းရောဂါဖြစ်ပွားနေတဲ့အရပ်မှာ ရောက်နေတဲ့သူတွေဟာ ပင်စိမ်းရွက် ငါးပဲသားကို
ပျားရည်နဲ့ ဖျော်ရည်လုပ်ပြီး နေ့စဉ် မှန်မှန် သောက်ပေးရင် အဲဒီရောဂါတွေဘေးက ကာကွယ်ပြီးသား
ဖြစ်ပါတယ်။
နားကိုက်တဲ့ အခါ ပင်စိမ်းရွက် လတ်လတ်ဆတ်ဆတ်ကို မီးအုံးပြီး နားထဲကို
အရည်ညှစ်ထည့်ပေးရင်ပျောက်ကင်း စေပါတယ်။
ကလေးသူငယ်တွေ လေထိုးလေအောင့်ဖြစ်တဲ့ အခါ၊ သန်ထပြီး ဗိုက်နာတဲ့ အခါ ပင်စိမ်းရွက်ရည်နဲ့
ချင်းစိမ်းရည် ရောစပ်ပြီး သကြားလေး နည်းနည်းစပ်လို့ တိုက်ပေးရပါတယ်။ ပင်စိမ်းရွက် သတ္တုရည်ဟာအူတွင်းကပ်းတွေဖြစ်တဲ့ သန်ကောင်၊ တုတ်ကောင်တွေကို လည်း
သေစေပါတယ်။
ချောင်းခြောက်ဆိုးတာ၊ အဆုတ်လေပြွန်ရောင်တာ တွေဖြစ်ရင် ပင်စိမ်းရွက် သတ္တုရည်၊ ချင်းစိမ်းသတ္တု
ရည်၊ ကြက်သွန်နီသတ္တုရည်……. စတဲ့ အရည် သုံးမျိုးစပ်ပြီး သောက်ပေးရပါတယ်။ သတ္တုရည်ဆိုတာ ပင်စိမ်းရွက်ကို ညှစ်ယူလို့ရတဲ့ အရည် ၊
ချင်းစိမ်းကို ထုထောင်းပြီး ညှစ်ယူလို့ ရတဲ့ အရည်၊ ကြက်သွန်နီ
ကို မညက်တညက် ထုထောင်းပြီး ညှစ်ယူလို့ရတဲ့ အရည်တွေကို ခေါ်တာပါ။ အဲဒီ သတ္တုရည် သုံးမျိုးကိုစပ်ပြီး သောက်ပေးရင် သလိပ်ရ၊ရင်ချောင်ပြီး၊ချောင်းဆိုးလည်း အမြန်ပျောက်စေပါတယ်။
လည်ချောင်းနာတာ၊ လည်ချောင်းယားတာလည်း ပျောက်စေပါတယ်။

တင်းတိပ်၊မှဲ့ခြောက်၊ခရုသင်း စတဲ့ အရေပြားပေါ်က အစက်အပြောက်တွေ ၊ အကွက်တွေကို ပျောက်တဲ့
ဆေးတစ်မျိုးကို ပင်စိမ်းရွက်နဲ့ စပ်ပြီး ဖော်လို့ရပါတယ်။ ဖော်စပ်နည်းကလည်း လွယ်ပါတယ်။ ကြေးနီဖလား
ကလေးတစ်လုံးကို ယူပါ။ ပြီးရင် ရှောက်ရည်နှစ်ဇွန်းထည့်ပြီး ညသိပ်ထားပါ။ နောက်နေ့မှာ ပင်စိမ်းရွက်
သတ္တုရည်နှစ်ဇွန်း၊ ကသော့ပုပ်အရွက် သတ္တုရည်နှစ်ဇွန်းထပ်ထည့်ပါ။ အဲဒီဆေးရည်တွေပျစ်လာပြီဆိုတဲ့
အခါ ဖန်ပုလင်း သန့်သန့်ထဲ ပြောင်းထည့်ပြီးထားပါ။ အဲဒီဆေးကို မျက်နှာ ၊ ခြေ…လက် စတဲ့နေရာတွေ
မှာ လိုအပ်သလို လူးပေးရင် တင်းတိပ်၊ မှဲ့ခြောက် စတဲ့ အစက်အပြောက်တွေ၊ ကြွက်နို့တွေတင်မကဘဲ
ခရုသင်းကိုပါ ပျောက်စေနိုင်ပါတယ်။

ဒေါက်တာအောင်နိုင် (ဆေးသုတေသန)
ဖွေဖွေရှာရှာ တိုင်းရင်းဆေးပညာ စာအုပ်မှ ကောက်နုတ်ထားပါသည်။