ပင်စိမ်းပင်သည် ပင်စိမ်းကြီး၊ ပင် စိမ်းငယ်၊ ပင်စိမ်းယဉ်၊ ပင်စိမ်းရိုင်း၊ ကသည်းပင်စိမ်း၊ တောပင်စိမ်း၊ ပင် စိမ်းနက်၊ ပင်စိမ်းညိုဟူ၍ အမျိုးများ ပါသည်။ ဆီးချိုရောဂါနှင့် ပတ်သက်၍ ဤစာတမ်းတွင် ဖော်ပြမည့် ပင်စိမ်း အမျိုးအစားမှာ ပင်စိမ်းနက်၊ ကုလား ပင်စိမ်းပင်ဖြစ်ပါသည်။ ရုက္ခဗေဒ အမည်မှာ Ocimum Sancum ဖြစ်ပါသည်။ အင်္ဂလိပ်အမည်မှာ Holy Basil ပင်ဖြစ်ပါသည်။ ပင်စိမ်းနက်ကို အချို့မြန်မာဘာသာပြန်ကျမ်းများတွင် ပင်စိမ်းကြီးဟုလည်း ရေးသားထား ကြပါသည်။ ရုက္ခဗေဒ အမည်ကွဲများ ကိုလည်း Ocimum Sanctum Linn သို့မဟုတ် O-Hirsutam သို့ မဟုတ် O. Tomentosam သို့မဟုတ် O.Viride ဟူ၍လည်းသတ်မှတ်ကြသည်။
တိုင်းရင်းဆေးကျမ်း အဆို
ပင်စိမ်းကြီး ရွက်သည် ပူစပ်ခါး အရသာ ရှိသည်။ မညီမညွတ် သော ဝမ်းမီး ကို ညီညွတ် စေသည်။ နှုတ်ကို လည်း မြိန် စေသည်။ သလိပ် ကိုလည်း ကျေ စေတတ်၏။ အသံကို သာစေနိုင် ၏။ ထုံကျဉ် ကိုက်ခဲ သောအနာ၊ မစား မ သောက်ချင် ကာ ခံတွင်း ပျက်ခြင်း၊ ထွက်သက် ဝင်သက် မညီမျှ သောအနာ၊ ချောင်းဆိုး ကုတ် မီးနာ၊ ပူလောင် လှိုက်လှဲ သောအနာ၊ ချွဲကျပ် သော အနာ တို့ကို သက်သာ စေသည်။ ၄င်း ကို ကုလားပင် စိမ်း (ပင်စိမ်းနက်) ဟုလည်း ခေါ်ကြသည်။ အရွက်နု ကို တို့စားကြ၏။ ဆေးဝါး ဖော်စပ်ရာမှာ ပင်စိမ်းနက် ပဉ္စငါးပါး ကို သုံးလေ့ ရှိကြပါသည်။
အပင်ထွက် ဓာတု ဒြပ်စင်များ
α and β Caryophyllene, Methyl-chavical, Tannins, Methyleugenol, Essential Oil, Eugenol, Linalool, 1.8 Cineole
တိုင်းရင်း ဆေးဝါး အသုံး
ပန်းနာ ရင်ကျပ် ရောဂါ၊ နှလုံး ရောဂါ၊ ဆီးချို ရောဂါ၊ ငှက်ဖျား ရောဂါ၊ နားရောဂါ၊ အဆစ် ရောင်ရောဂါ။ အာနိသင်များ သွေးတွင်း ကိုလက် စထရောလ် ကျဆင်း စေသော အာနိသင်၊ နာကျင် ကိုက်ခဲမှု ကို သက်သာ စေသော အာနိ သင်၊ အသက် ရှူလမ်း ကြောင်း ရှိ လေ ရှူပြွန် များအား ကျယ်စေသော အာနိသင်၊ သွေးတွင်း သကြား ဓာတ် ကျဆင်း စေနိုင် သော အာနိသင်၊ မှိုပိုးတို့၏ ပေါက် ပွားမှုကို ဆန့်ကျင်သော အာနိသင်၊ အဖျားကျ စေသော အာနိသင်၊ ခန္ဓာ ကိုယ်၏ ခုခံစွမ်းရည်ကို တိုးစေသော အာနိသင်၊ အစာအိမ် အနာဖြစ်ပွားမှု ကို ကာကွယ် ပေးနိုင်သော အာနိသင်။
အသက်ရှူလမ်းကြောင်းရောဂါ
ပင်စိမ်း နက်သည် သလိပ်ကို ထုတ်ဆောင် စေတတ်သော ဂုဏ် သတ္တိရှိပါသည်။ ထိုဂုဏ်သတ္တိ တို့ ကြောင့် ပင်စိမ်းနက် ကို သလိပ် ဖောက် ပြန်ခြင်း ကြောင့် ဖြစ်သော အခြေအနေ တို့၌ သော် လည်းကောင်း၊ အသက်ရှူ ပြွန်ချောင်း တို့၌ သော် လည်းကောင်း အသုံးပြု ကြပါသည်။ အိမ်တွင်း ကုသရာတွင် ကြက် သွန်နီ သတ္တုရည်၊ ချင်းစိမ်း သတ္တုရည်၊ ပျားရည် တို့ကို ရောစပ်၍ ရရှိသော ဆေးရည် သည် သလိပ်ကို ထုတ် ဆောင် ပေးနိုင်သော ဆေးဝါး ဖြစ်ပါ သည်။ ထိုဆေးဝါး ၏ အာနိသင်မှာ အသက်ရူ ပြွန်ချောင်း တွင်ဖြစ်စေ တတ် သောရောဂါ၊ နှာခေါင်း ရောဂါ၊ ချောင်း ဆိုး ရောဂါ တို့တွင် အသုံးဝင် စေပါသည်။
ချောင်းဆိုးရောဂါကုထုံး
ပင်စိမ်းနက် ပွင့်တံ၊ ချင်းခြောက် နှင့် ကြက်သွန်နီတို့ကို ထုထောင်း လျက် ပျားရည်နှင့် ရော၍ လျက်ဆား အဖြစ် လျက်ပေးခြင်း ဖြင့် ပန်းနာ ရောဂါ၊ ချောင်းခြောက် ရောဂါတို့ကို သက်သာ စေနိုင်ပါသည်။
လျှာခင်ကျခြင်း
လျှာခင်ကျခြင်း၊ ချောင်းဆိုး ရောဂါတို့ကို ကုသရာတွင် ပင်စိမ်းနက် အရွက် အစိမ်းကို အိမ် သုံးဆားနှင့် ရောစပ် ဝါးပေးကာ အရည်ကို မျိုချပေး ခြင်းဖြင့် သက်သာ နိုင်သည်။
ချောင်းဆိုးချွဲခန်း
ချောင်းဆိုး ခြင်းကို ရောဂါတိုင်း တွင် လက္ခဏာ တစ်ခုအဖြစ် တွေ့ရှိရ တတ် ပါသည်။ ချောင်းဆိုး ရာ၌ ချွဲခန်း သလိပ်များ စုဝေးနေခဲ့လျှင် ပျား ငယ်ရည် တွင် ပင်စိမ်းနက်ရည်နှင့် ရော စပ်လျက် လျက်ပေးခြင်း ဖြင့် သက်သာ ပျောက်ကင်း စေနိုင်ပါသည်။
ရင်ဘက်ပိုင်းဆိုင်ရာရောဂါ
ပင်စိမ်း နက်စေ့၊ ဆင်တုံး မနွယ်၊ သင်္ဘော ချင်းခြောက်၊ မြေပုံ ခရမ်းမြစ်ကို ဆတူ ရောစပ်၍ အမှုန့် ထောင်းပါ။ အဆိုပါ ဆေးမှုန့် ၂ ပဲသားကို ဆေးတစ်ခွက်စာပြု၍ ဆေးကို နံနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ည တစ်ကြိမ် သောက်ပေး ပါက ရင်ဘတ် ပိုင်းဆိုင် ရာရောဂါများနှင့် ချောင်းဆိုး ရောဂါတို့ကို သက်သာ ပျောက်ကင်း စေနိုင်ပါသည်။
လိင်နှင့် ပတ်သက်သော ရောဂါ
ပင်စိမ်း နက်တွင် အားကို တိုး စေတတ် သော သတ္တိရှိပါသည်။ ကာမ သတ္တိကို တိုးပွား စေသည်။ ပင် စိမ်းနက် သည် စေးကပ် တတ်သော သတ္တိရှိ ၏။ ဆီးအိမ်တွင် ဖြစ်တတ် သော ရောဂါ များအတွက် ကောင်းပါ သည်။ ပန်းသေ ရောဂါကု ဆေးဝါး ဖော်စပ် ရာတွင် ထည့်သွင်း ဖော်စပ် ကြသည်။
No comments:
Post a Comment